Myanmar

serach

Pigeon အကြောင်း

Pigeon နို့ဘူး၏ သမိုင်းသုတေသန

ကလေးများ ကျန်းမာပျော်ရွှင်စေရန် ရည်ရွယ်၍ ကလေးပြုစုပျိုးထောင်မှုတွင် အသုံးပြုသည့် ပစ္စည်းများကို သုတေသနနှင့်ဖွံ့ဖြိုးရေးအတွက် Pigeon က ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။ အောက်တွင် ၁၉၄၉ ခုနှစ်မှစ၍ Pigeon တံဆိပ်နို့ဘူး၏ သမိုင်းကို ဖော်ပြလိုက်ရပါသည်။

၁၉၄၉

Pigeon Corporation မဖြစ်ပေါ်မီ Doufu-Boueki ကုမ္ပဏီကို စတင်ထူထောင်ခဲ့သည်။ ဘူးအ၀ကျယ်သည့် အမျိုးအစား အေ ပုံစံ နို့ဘူးများကို ဂျပန်နိုင်ငံတွင် စတင်မိတ်ဆက်ခဲ့သည်။ ထိုဒီဇိုင်းသစ်သည် ယခင်က နို့သီးခေါင်းနှင့်တဆက်တည်းထားရှိခဲ့သည့် ဒီဇိုင်းထက်ပို၍ ကျန်းမာသန့်ရှင်းမှုနှင့် ညီညွတ်သည်။


၁၉၅၀

အမျိုးအစား အေ ပုံစံ နို့ဘူးများသည် လက်ရှိဒီဇိုင်းများ၏ မူလအခြေခံဖြစ်လာခဲ့သည်။


၁၉၅၂

ဘူးလည်ပင်းအကျဉ်းနှိင့် အမျိုးအစား ဘီ ပုံစံ နို့ဘူးများကို စတင်ထုတ်လုပ်ခဲ့သည်။


၁၉၅၃

နို့သီးခေါင်းတစ်ပါတည်းတပ်ဆင်ထားသော စီ ပုံစံ နို့ဘူးများထုတ်လုပ်နိုင်ခဲ့သည်။


၁၉၅၄

အမျိုးအစား အက်စ် ပုံစံ ပိုလီသိုင်လင်းနို့ဘူးများကို ဂျပန်နိုင်ငံတွင် မိတ်ဆက်ထုတ်လုပ်ဖြန့်ချီသည်။ ဘူးဖြတ်ပိုင်းကို ဆဠဂံပုံစံဖြင့် ထုတ်လုပ်ခဲ့ခြင်းကြောင့် ကလေးများကိုင်တွယ်ရန်လွယ်ကူခဲ့ပြီး ထုတ်လုပ်မှုတွင် ကောင်းမွန်တိုးတက်မှုကိုရရှိခဲ့သည်။


၁၉၅၆

အမျိုးအစား အက်ဖ် ပုံစံ ဖန်ပုလင်းကိုယ်ထည်ပေါ်တွင် ချစ်စဖွယ်အရုပ်ကလေးများပုံဖော်ရိုက်နှိပ်ထားသည့် ဒီဇိုင်းကို မိတ်ဆက်သည်။ ကလေးများအသုံးပြုသည့် ပစ္စည်းများတွင် ကလေးများပိုမိုနှစ်သက်ပျော်ရွှင်နိုင်ရန်လိုအပ်သည် ဟူသောအယူအဆကို ပိုအားကောင်းလာစေခဲ့သည်။


၁၉၅၇

Pigeon ကုမ္ပဏီစတင်ထူထောင်သည်။ သိပ်သည်းဆပိုမြင့်သည့် အမျိုးအစား အယ်လ် ပုံစံ ပိုလီသိုင်လင်းနို့ဘူးများကို စတင်ထုတ်လုပ်ဖြန့်ချီသည်။ နို့ဘူးကိုပိုးသတ်ပေါင်းခံစဉ်တွင် အပူဒဏ်ခံနိုင်ရည်နည်းပါးသည့် အစဉ်အလာနို့ဘူးများ၏ အားနည်းချက်ကို ပြင်ဆင်နိုင်ခဲ့သည်။


၁၉၆၀

အမျိုးအစား အေအင်န် ပုံစံ ပိုလျာနိုက် (နိုင်လွန်ရီဆင်) နို့ဘူးများကို စတင်ထုတ်လုပ်ဖြန့်ချီသည်။ တစ်ချိန်တည်းတွင် အေ-ဒီ ဆီလီကွန်နို့သီးခေါင်းများကို မိတ်ဆက်ပေးခဲ့သည်။ အိုင်ဆိုပရီနေး ရော်ဘာသည် သဘာ၀ရော်ဘာထက် ကြာရှည်ခံနိုင်စွမ်းရှိသည်ကိုတွေ့ရှိပြီး နို့သီးခေါင်းများတွင် အသုံးပြုနိုင်ကြောင်းတွေ့ရှိသည်ကို မိတ်ဆက်ပေးခဲ့သည်။


၁၉၆၂

ပိုလီကာဘွန်နိတ် နို့ဘူးများကို ထုတ်လုပ်နိုင်လာသည်။ ယင်းတို့မှာ အပူဖြင့်ပေါင်းခံပိုးသတ်ခြင်းကို ခံနိုင်ရည်ရှိရုံမက ပေါ့ပါးပြီး နို့ဘူးများတွင်ရှိထိုက်သည့် အကြမ်းခံခြင်း၊ ကြည်လင်ခြင်း၊ ပေါ့ပါးခြင်း စသည့်အဂါၤရပ်များနှင့် ပြည့်စုံလာခဲ့သည်။ အာရ်-၈ အမျိုးအစား နို့ဘူးများသည် တိုကျိုတီထွင်ဖန်တီးမှုဆိုကို ဆွတ်ခူးရရှိခဲ့သည်။ ဂျပန်ကြက်ခြေနီဆေးရုံတွင်အသုံးပြုရန်ညွှန်ကြားအကြံပြုခြင်းခံရသည့် နို့ဘူးများဖြစ်လာခဲ့သည်။


၁၉၆၄

အမျိုးအစား အေ ပုံစံ ဖန်သားနို့ဘူးများကို ထုတ်လုပ်နိုင်ခဲ့ပြီး ၁၅ နှစ်အတွင်းရောင်းအားအကောင်းဆုံး ထုတ်လုပ်မှုဖြစ်ခဲ့သည်။


၁၉၆၅

အမျိုးအစား ဒဘယ်ဂျူ ၈ ပုံဆ နို့ဘူးများကို ထုတ်လုပ်သည်။ ပုလင်းနှုတ်ခမ်း၀ကိုပုံဖော်မှုအသစ်ကြောင့် ပုလင်းအတွင်းပိုင်းသန့်ရှင်းရေးအတွက် ပိုမိုကောင်းမွန်ကာ ကျန်းမာရေးနှင့် ပိုမိုညီညွတ်လာသည်။


၁၉၆၆

တစ်ကမ္ဘာလုံးသို့ ဖြန့်ချီတင်ပို့သည်။


၁၉၆၇

အဖုံးအစွပ်ပါ နို့ဘူးများကို ဂျပန်ထုန်လုပ်မှု စံချိန်စံညွှန်းကော်မတီက အတည်ပြုပြီး JIS Mark ဆုအပ်နှင်းခံရသည်။


၁၉၆၈

ဂျပန်တစ်နိုင်ငံလုံးတွင် နို့ဘူးအသုံးပြုမှု၏ ၈၀ ရာခိုင်နှုန်းဖြစ်သော ဈေးကွက်ေ၀စုကို Pigeon ကရရှိခဲ့သည်။


၁၉၇၇

အမျိုးအစား ပီ ပုံစံနို့ဘူးများကို ထုတ်လုပ်သည်။ ယင်းမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲရှိပြီး နို့စုပ်ယူနိုင်မှု အားမကောင်းသည့်ကလေးငယ်များအတွက် အဆင်ပြေစွာနို့တိုက်ကျွေးနိုင်ရန် ဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်သည်။


၁၉၇၉

အမျိုးအစား ကေ နို့ဘူးများကို ထုတ်လုပ်သည်။ အခြေကား၊ လေးထောင့် ဂျာဂျာ ပုံစံရှိသဖြင့် ကိုင်တွယ်ရန်၊ သန့်ရှင်းမှု ပြုလုပ်ရန်နှင့် စနစ်တကျဖော်စပ်ခြင်း လွယ်ကူရှင်းလင်းစေသည်။


၁၉၈၂

နို့သီးခေါင်းအစွပ်လေးမျိုးပြောင်းလဲအသုံးပြုနိုင်သည့် Mag Mag နို့ဘူးများကို ထုတ်လုပ်ခဲ့သည်။ ကလေးငယ်၏ ဖွံ့ထွားကြီးပြင်းလာမှုနှင့် ကိုက်ညီလိုက်ဖက်စရာ ၀ယ်ယူအသုံးပြုသူများ ကျေနပ်သဘောကျကြိုဆိုခဲ့ကြသည်။


၁၉၈၈

Pigeon ၏အခြေခံသုတေသနအဖွဲ့သည် ကလေး၏လှိုင်းတွန့်ပုံလှုပ်ရှားမှုဖြင့် နို့စုပ်ယူသည့်သဘာ၀ကို လေ့လာတွေ့ရှိခဲ့ပြီး၊ ထိုတွေ့ရှိမှုသည် ကလေးသူငယ်များကို ကုသစောင့်ရှောက်မှုဆိုင်ရာ ကျန်းမာရေး အဆောက်အဦးကို များစွာအထောက်အကူပြုနိုင်ခဲ့သည်။


၁၉၉၁

နို့ချိုတိုက်ကျွေးမှုပညာပေးခြင်းကို မြှင့်တင်ရန် နို့ဘူးများနှင့် နို့သီးခေါင်းကို ထုတ်လုပ်နိုင်ခဲ့သည်။


၁၉၉၈

ကွဲနိုင်ခြင်းမရှိသည့် ပိုလီပရိုပိုင်လင်းဖြင့် ပြုလုပ်သော Mag Mag များကိုထုတ်လုပ်ခဲ့သည်။


၂၀၀၀

ပိုလီအက်စ်သာဆူလ်ဖုန်းဖြင့် ပြုလုပ်သည့်နို့ဘူးများကို စတင်မိတ်ဆက် ရောင်းချခဲ့သည်။


၂၀၀၂

နို့ချိုတိုက်ကျွေးမှုနှင့် ပက်သက်၍ လေ့လာမှုပြုလုပ်ခဲ့သော သုတေသနကို Bonyu-jikkan နို့ဘူးများကို ထုတ်လုပ်မိတ်ဆက်ခဲ့သည်။ ထိုနို့ဘူးများသည် ပျော့ပျောင်း၍ ကျုံ့နိုင်ဆန့်နိုင်ပြီး ပြောင်းညွတ်သည့်ပုံစံဖြစ်ပြီး ကလေးများနှုတ်ခမ်းကျယ်ကျယ်ဟ၍ သဘာ၀အတိုင်း နို့စုပ်ယူမှုပြုနိုင်စေသည်။


၂၀၀၃

ပိုလီအက်စ်သာဆူလ်ဖုန်း ဖြင့်ပြုလုပ်သည့် Obbpu နို့ဘူးများကို ထုတ်လုပ်ဖြန့်ချီခဲ့သည်။ ပေါ့ပါးပြီး သယ်ဆောင်မှုအတွက်များစွာလွယ်ကူစေခဲ့သည်။


၂၀၀၇

ပိုလီဖီနိုင်းလ်ဆူလ်ဖုန်းဖြင့် ပြုလုပ်သောနို့ဘူးများနှင့် နို့သီးခေါင်းအရွယ်အစားလေးမျိုးကို ထုတ်လုပ်ဖြန့်ချိခဲ့သည်။


၂၀၁၀

မိခင်နို့ရည်တိုက်ကျွေးမှုတွင် အထောက်အကူအဖြစ် အသုံးပြုနိုင်သည့် နို့ဘူးများကို ပိုမိုကောင်းမွန်တိုးတက်အောင်ထုတ်လုပ်နိုင်ခဲ့သည်။ ထိုနို့ဘူးများဖြင့် ကလေးများ၏ နို့ရည်ချခြင်း၊ နို့စို့ခြင်းနှင့် မျိုချခြင်းတို့နည်းတူ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။


Pigeon ၏ မျှော်လင့်ချက်

Pigeon ၏ ကုန်အမှတ်တံဆိပ် (Logo) တွင် ထိပ်ဆုံးအက္ခရာ P ကို အသဲနှစ်လွှာအဖြစ် ပုံဖော်ထားပြီး မိခင်နှင့် ကလေး တို့၏ ပုံရိပ်တစ်ခု ဖြစ်သည်။ မိခင်၏ ပိုမိုကြီးမားသည့် အသဲပုံက ရင်သွေးငယ်၏ ငယ်ရွယ်သည့် အသဲပုံကို ထွေးပွေ့ ထားဟန်လည်း ဖြစ်သည်။ နက်ရှိုင်း၍ ဆုံးစမဲ့သော ချစ်ခြင်းမေတ္တာကို နိမိတ်ပုံပြုခြင်း ဖြစ်ပါသည်။ မိခင်နှင့် ကလေး ငယ်တို့၏ ချစ်ခြင်းမေတ္တာအား ခံစားရမှုမှ ကျွန်ုပ်တို့၏ ထုတ်ကုန်ပစ္ဇည်းများနှင့် ဝန်ဆောင်မှုများတွင်ပါ ထိုသို့ ခံစားရစေ လိုပါသည်။ ဤသည်မှာ Pigeon ၏ အရိုးသားဆုံးသော မျှော်လင့်ချက် ဖြစ်သည်။


Pigeon ၏ တန်ဖိုးထားမှုများ

Pigeon ၏ တန်ဖိုးထားမှုများ ကျွန်ုပ်တို့၏ ထုတ်လုပ်မှုများကို အသုံးပြုရာတွင် ကလေးငယ်၏ ကျန်းမာရေးနှင့် သက်သောင့်သက်သာရှိမှု၊ မိခင်၏ လွယ်ကူသက်သာမှုနှင့် အဆင်ပြေမှုတို့ကို တန်ဖိုးထားပါသည်။ နေ့စဉ်အမြဲ အဆင်ပြေမှု၊ ပျော်ရွှင်မှုတို့ကို မိခင်နှင့် ကလေး များထံသို့ ဆောင်ကြဉ်ပေးနိုင်ခြင်းအားဖြင့် ကလေးငယ်များ ကျန်းမာစွာ ဖွံ့ဖြိုးကြီးထွား လာစေချင်ပါသည်။ Pigeon တွင် ထုတ်လုပ်သမျှသော ကုန်ပစ္ဇည်းတိုင်းသည် ထိုတန်ဖိုးထားမှုများကိုပုံဖော်ထားခြင်းသာ ဖြစ်သည်။

Pigeon ခံယူတွေးခေါ်မှု

မွေးကင်းစ ရင်သွေးငယ်တစ်ဦးကို ထွေးပွေ့ထားချိန်တွင် နွေးထွေးသည့် ချစ်ခြင်းမေတ္တာကို ခံစားရသည်နှင့်မည်သည့်အရာ ကမျှ တူညီနိုင်လိမ့်မည် မဟုတ်ချေ။ ကိုယ်ဝန်ဆောင်နေစဉ် အချိန်အတွင်း ကျန်းကျန်းမာမာ ရှိလိုမှု၊ လုံခြုံ ဘေးကင်းစွာ ဖွားမြင်နိုင်မှုနှင့် ကျန်းမာရေးကောင်းမွန်သည့် ကလေးငယ်တစ်ဦး ကြီးပြင်းလာအောင် ပျိုးထောင်ရခြင်းတို့၏ နောက်ကွယ် တွင် ရှိနေသော ချစ်ခြင်းမေတ္တာကို ခံစားရသည့် သဘာ၀နှင့်လည်း မည်သည့်အရာကမှ တူညီနိုင်လိမ့်မည် မဟုတ်ချေ။ မိခင်များနှင့် ကလေးသူငယ်များအတွက် ထိုသို့ ထူးခြားဆန်းကြယ်သည့် ချစ်ခြင်းမေတ္တာအား ခံစားရမှုဖြင့် Pigeon ၏ ကုန်ပစ္ဇည်းများအားလုံးကို ထုတ်လုပ် ဖန်တီးထားပါသည်။