Myanmar

serach

PRODUCT

mainVisualUp mainVisualDn

Pigeon Bottles - နို့ဘူးများ

Pigeon သည် ထုတ်ကုန်ပစ္စည်းတိုင်း လုံခြုံဘေးကင်းစေရန်၊ သက်သောင့်သက်သာ နှင့် လွယ်ကူစွာ အသုံးပြုနိုင်စေရန် အသေးစိတ်ကလေးများကိုပင်ဖြစ်စေ စူးစိုက်ဆောင်ရွက်ရန် လုံးဝဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပါသည်။ နို့ဘူးများ၊ နို့သီးခေါင်းများသည် မွေးကာစနှင့် နို့စို့အရွယ်ကလေးများ နေ့စဉ်အသုံးပြုရေးအတွက် ရည်ရွယ်သည်ဖြစ်ရာ အမြင့်ဆုံးသော စံအဆင့်သတ်မှတ်ချက်များနှင့် ညီညာအောင်ထုတ်လုပ်ရပါသည်။

အရည်အသွေး

Pigeon ၏ နို့ဘူးများကို ဆေးရုံများနှင့် မိခင်ကျန်းမာရေး ဆိုင်ရာ ဆေးခန်းများတွင်ပါ အသုံးပြုကြလျက်ရှိပါသည်။ ထိုသို့ များစွာ အသုံးပြုလာကြသည်မှာ မြင့်မားသော အပူချိန်ကို ခံနိုင်ခြင်းနှင့် ပိုးသတ်ရာတွင် မြင့်မားသော ဖိအားကို ခံနိုင်ရည်ရှိခြင်းတို့ကြောင့် ဖြစ်သည်။ Pigeon ၏ နို့ဘူးများသည် ရေနွေးဖြင့် ပြုတ်ခြင်း၊ ရေနွေးငွေ့ဖြင့် ပိုးသတ်ခြင်း၊ မိုက်ခရိုက်ဝေ့ပ်ဖြင့် ထိတွေ့ခြင်း၊ ဓာတုနည်းအားဖြင့် ပိုးသတ်ပေါင်းခံခြင်းတို့ကို ခံနိုင်ရည်ရှိပါသည်။

လုံခြုံဘေးကင်းမှု

Pigeon တံဆိပ်နို့သီးခေါင်းများသည် လေဝင် လေ ထွက်စနစ်ကို ထည့်သွင်းတီထွင်ထားခြင်း ဖြစ်သော ကြောင့် ပုလင်းအတွင်းရှိ လေထုနှင့် နို့ထွက်မှုနှုန်းကို ချိန်ညှိနိုင်မည် ဖြစ်သည်။ နို့သီးခေါင်းကို ဝက်အူရစ် တင်းကြပ်ခြင်း၊ လျှော့စေခြင်းတို့အားဖြင့် ကလေး အတွက် လျော်ညီမည့် နို့ထွက်မှုနှုန်းနှင့် ကိုက်ညီစေ မည် ဖြစ်သည်။