Myanmar

serach

PRODUCT

mainVisualUp mainVisualDn

Breast Pumps - နို့ရည်စုပ်ယူကိရိယာများ

မိခင်နို့ရည်ကို စုပ်ယူထားပြီး နောက်မှပြန်လည်အသုံးပြုနိုင်စေရန် breast pump က ကူညီနိုင်မည် ဖြစ်သည်။ အလုပ် ခွင် သို့ ပြန်ဝင်ရမည့် မိခင်များနှင့် မိခင်နို့တိုက်ကျွေးမှုတွင် အဆင်မပြေမှုများ ရှိနေသည့် မိခင်များအတွက် မိခင်နို့ရည်မှ အကျိုး ကျေးဇူးကို သေချာပေါက်ရရှိစေနိုင်သည်။

About Pigeon's Breast Pumps - နို့ရည်စုပ်ယူ ကိရိယာ အကြောင်း

ကလေးငယ်က နို့ရည်ကိုစုပ်ယူသည့် သဘာဝအတိုင်း ချိန်ညှိ ယူနိုင်ခြင်းအားဖြင့် နို့ရည်ကို ရယူနိုင်သည်။ ကလေး၏စုပ်ယူမှု စက်ဝန်းအတိုင်း တသွေမတိမ်းတူညီသည့် သဘာဝကို မိမိကိုယ်တိုင် ပြန်လည်ဖန်တီး ထုတ်ယူမှုဖြစ်သည်။ ထို့ပြင် ဏငါနသည ၏ နို့ရည်စုပ်ယူကိရိယာများသည် ရိုးရှင်းစွာဆောင်ရွက်နိုင်သောကြောင့် အိမ်တွင်လည်းကောင်း အလုပ်ခွင်တွင်လည်းကောင်းမည်သည့် နေရာတွင်မဆို အသုံးပြုနိုင်သည်။ ပုလင်းလွတ်တစ်လုံး ရှိရုံဖြင့် နို့ရည်ကို ထုတ်ယူခြင်း၊ သိမ်းဆည်းခြင်းနှင့် ကလေးငယ်ကို တိုက်ကျွေးခြင်းများ ပြုလုပ်နိုင်သည်။ သို့ဖြစ်ရာ ကလေးအတွက် ကုန်ဆုံးစေမည့် အချိန်များကို သက်သာစေမည် ဖြစ်သည်။

နို့ရည်စုပ်ယူကိရိယာကို မည်သို့အသုံးပြုရမည်နည်း။

နို့ရည်ကို စုပ်ယူခြင်းသည် ရင်သားကို ညှစ်ချခြင်းနှင့် မတူညီပါ။ ပြင်းထန်စွာ ညှစ်အားပေးခြင်းသည် ရင်သားအတွက် ကောင်းစေနိုင်မည် မဟုတ်ပါ။ နို့ရည်သည် မိခင်ဖြစ်သူ၏ အထူးဟော်မုန်းဓာတ်များ ထွက်ပေါ်လာစေရန် လှုံ့ဆော်မှသာ ထွက်ရှိလာပြီး နို့ချို တိုက်ကျွေးနိုင်ခြင်း ဖြစ်သည်။ ထိုဟော်မုန်း ဓာတ်များသည် ကလေးငယ်၏ စုပ်ယူမှုဖြစ်စဉ်အတွင်း ပေါ်ပေါက်လာပြီး နာကျင်မှုကို ခံစားရသည့်အခါ အလိုလို ပြန်တိတ်သွားသည်။နို့ရည်ကို ထုတ်ယူရန် အဓိကကျသည့် အချက်နှစ်ခုမှာ မိခင်ဖြစ်သူ သက်သောင့်သက်သာ ရှိနေစေရန်နှင့် ကလေးငယ်၏ စုပ်ယူမှုဖြင့် အာရုံ နှိုးဆွပေးနိုင်ရန်တို့ ဖြစ်သည်။ မိခင်ရော ကလေးအတွက်ပါ သဘာဝအတိုင်း နို့ရည်ထုတ်လွှတ်စုပ်ယူမှုဖြစ်စဉ်နှင့် ကိုက်ညီ သည့်စုပ်ယူမှုအနိမ့်အမြင့်ကိုရွေးချယ်ပါ။ရင်သား၊သို့မဟုတ် နို့သီးခေါင်းတွင် နာကျင် မှုကို ခံစားနေရပါက နို့ရည်ထုတ်ယူမှုကို ရပ်တန့်ပစ်ပါ။

Pigeon Protable Breast Pump - သယ်ဆောင်ရလွယ်ကူသော နို့ရည်စုပ်ယူကိရိယာ
Pigeon Manual Breast Pump - လက်ဖြင့်အသုံးရသော နို့ရည်စုပ်ယူကိရိယာ