Myanmar

serach

Product

mainVisualUp mainVisualDn

Pigeon Training Cups - လေ့ကျင့်ရေးခွက်များ

Mag Mag Training Cup System - မက်မက် ခွက် စနစ်

Pigeon ၏ MagMag ခွက်များမှာ ကလေးငယ်များအားခွက်ဖြင့် သောက် သည့် အလေ့အထကို လေ့ကျင့်ပေးနိုင်ရန် တီထွင်ထားခြင်းဖြစ်သည်။ သို့ဖြစ်၍ ကလေးငယ်များအတွက်ခွက်ဖြင့် သောက်ခြင်းသည် လွယ်ကူစေသလို စိတ် အနှောင့်အယှက်ဖြစ်စရာမလိုပဲ သောက်သုံးနိုင်ပါသည်။ ကလေးများ၏ ရေ သောက်သုံးသည့် အလေ့အကျင့်ကို လေ့ကျင့်ပေးပါသည်။


အဆင့် ၁။   Nipple Cup ၃ လ နှင့်အထက် ကလေးများအတွက်

ကလေးငယ်၏ အသက်အရွယ်နှင့် ကိုက်ညီစွာ နို့သီးခေါင်းထိပ်ဖြင့် ပြုလုပ်ထားပါသည်။ ကလေးငယ် အား လက်ကိုင်ဖြင့် ကိုယ်တိုင် သောက်နိုင်စေရန် လေ့ကျင့်ပေးပါသည်။ နူးညံ့၍ ကျုံ့နိုင် ဆန့်နိုင် အား ကောင်းသော Peristaltic PlusTM Nipple (M-sized, Cross-cut) ကို အသုံးပြုထားသောကြောင့် ကလေးငယ်၏ သဘာဝအတိုင်း စုပ်ယူမှုပုံစံနှင့် ကိုက်ညီမှုရှိပါသည်။ ထိပ်ဖုံးအား နို့သီးခေါင်းနှင့် ထိစပ် နေအောင် ပြုလုပ်ထားသောကြောင့် ရေများ ဖိတ်ကျခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ လွယ်ကူစွာ သောက် နိုင်စေရန် လက်ကိုင်တောင့်များအား ကွေး၍ ပြုလုပ်ထားသည်။


အဆင့် ၂။   Spout Cup ၅ လ နှင့်အထက် ကလေးများအတွက်

ကလေးငယ်အား နို့သီးခေါင်းအပြင် အခြားပုံသဏ္ဌာန် နှုတ်သီးဖြင့် လေ့ကျင့်ပေးရန်ဖြစ်သည်။ နူးညံ့ ပျော့ပြောင်းသော စီလီကွန်နှုတ်သီးခေါင်းပုံစံကြောင့်နို့ရည် စီးဆင်းမှုအား ကလေးကိုယ်တိုင် ထိန်းချုပ် နိုင်မည်ဖြစ်သည်။ ထိပ်ဖုံးအား နှုတ်သီးနှင့် ထိစပ်နေအောင် ပြုလုပ်ထားသောကြောင့် ဖိတ်ကျခြင်းမှ ကာကွယ်ပေးသည်။ လွယ်ကူစွာ သောက်နိုင်စေရန် လက်ကိုင်ထောင့်များအား ကွေး၍ ပြုလုပ်ထားသည်။


အဆင့် ၃။   Straw Cup ၈ လ နှင့်အထက်ကလေးများအတွက်

ကလေးငယ်၏ စုပ်ယူမှု သဘာဝ တိုးတက်လာသည့်အခါ အရွယ်ရောက်ပြီးသူတစ်ယောက်ကဲ့သို့ ပိုက်ဖြင့် စုပ်သောက်တတ်စေရန် လေ့ကျင့်ပေးနိုင်ပါသည်။ အဖုံးအား ပိတ်လို့ရအောင် ပြုလုပ်ထားသောကြောင့် ဖိတ် ကျခြင်း၊ စိမ့်ထွက်ခြင်းများ မဖြစ်စေပါ။ ပိုက်၏ ထိပ်ရှိအပေါက်မှာ (Cross Cut) ဖြစ်၍ ဖိတ်ကျခြင်းများမှ ကာ ကွယ်ပေးသည်။ နူးညံ့ပျော့ပြောင်းသော စီလီကွန်ပိုကြွ်ပန်ကြောင့် လွယ်ကူစွာ သောက်သုံးနိုင်သည်။ ပိုကြွ်ပန်၏အောက်ခြေကို ကွေး၍ ပြုလုပ်ထားသောကြောင့် နောက်ဆုံးလက်ကျန်အထိ သောက်နိုင်သည်။ လက်ကိုင်အား ကျယ်၍ ဖြောင့်တန်းသော ပုံစံပြုလုပ်ထားပါသည်။