Myanmar

serach

SERVICE

Product Knowledge - ကုန်ပစ္စည်းအသိပညာ

၁၉၅၇ခုနှစ်တွင် Pigeon ကို စတင်တည်ထောင်ခဲ့ပြီး မိခင်များနှင့် ရင်သွေးငယ်များ မျိုးဆက် အဆက်ဆက်တိုင် ကလေး သူငယ် အထောက်အကူပစ္စည်းများထုတ်လုပ်သည့် ကမ္ဘာသိအမှတ်တံဆိပ် တစ်ခုအဖြစ် အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။ မိသားစုအတွင်း ကျန်းမာရေးပိုမိုကောင်းမွန်လာပြီး ဘဝကို ပို၍ နေပျော်ဖွယ်ရာဖြစ်စေမည့် ကျန်းမာရေး အထောက်အကူပြု ကုန်ပစ္ဇည်းများထုတ်လုပ်သွားမည်ဟု Pigeon က အမြဲတမ်းအတွက် ဆုံးဖြတ်ချက်ချထားသည်။


Pigeon ခံယူတွေးခေါ်မှု

မွေးကင်းစ ရင်သွေးငယ်တစ်ဦးကို ထွေးပွေ့ထားချိန်တွင် နွေးထွေးသည့် ချစ်ခြင်းမေတ္တာကို ခံစားရသည်နှင့်မည်သည့်အရာ ကမျှ တူညီနိုင်လိမ့်မည် မဟုတ်ချေ။ ကိုယ်ဝန်ဆောင်နေစဉ် အချိန်အတွင်း ကျန်းကျန်းမာမာ ရှိလိုမှု၊ လုံခြုံ ဘေးကင်းစွာ ဖွားမြင်နိုင်မှုနှင့် ကျန်းမာရေးကောင်းမွန်သည့် ကလေးငယ်တစ်ဦး ကြီးပြင်းလာအောင် ပျိုးထောင်ရခြင်းတို့၏ နောက်ကွယ် တွင် ရှိနေသော ချစ်ခြင်းမေတ္တာကို ခံစားရသည့် သဘာ၀နှင့်လည်း မည်သည့်အရာကမှ တူညီနိုင်လိမ့်မည် မဟုတ်ချေ။ မိခင်များနှင့် ကလေးသူငယ်များအတွက် ထိုသို့ ထူးခြားဆန်းကြယ်သည့် ချစ်ခြင်းမေတ္တာအား ခံစားရမှုဖြင့် Pigeon ၏ ကုန်ပစ္ဇည်းများအားလုံးကို ထုတ်လုပ် ဖန်တီးထားပါသည်။


Pigeon ၏ မျှော်လင့်ချက်

Pigeon ၏ ကုန်အမှတ်တံဆိပ် (Logo) တွင် ထိပ်ဆုံးအက္ခရာ P ကို အသဲနှစ်လွှာအဖြစ် ပုံဖော်ထားပြီး မိခင်နှင့် ကလေး တို့၏ ပုံရိပ်တစ်ခု ဖြစ်သည်။ မိခင်၏ ပိုမိုကြီးမားသည့် အသဲပုံက ရင်သွေးငယ်၏ ငယ်ရွယ်သည့် အသဲပုံကို ထွေးပွေ့ ထားဟန်လည်း ဖြစ်သည်။ နက်ရှိုင်း၍ ဆုံးစမဲ့သော ချစ်ခြင်းမေတ္တာကို နိမိတ်ပုံပြုခြင်း ဖြစ်ပါသည်။ မိခင်နှင့် ကလေး ငယ်တို့၏ ချစ်ခြင်းမေတ္တာအား ခံစားရမှုမှ ကျွန်ုပ်တို့၏ ထုတ်ကုန်ပစ္ဇည်းများနှင့် ဝန်ဆောင်မှုများတွင်ပါ ထိုသို့ ခံစားရစေ လိုပါသည်။ ဤသည်မှာ Pigeon ၏ အရိုးသားဆုံးသော မျှော်လင့်ချက် ဖြစ်သည်။


Pigeon ၏ တန်ဖိုးထားမှုများ

Pigeon ၏ တန်ဖိုးထားမှုများ ကျွန်ုပ်တို့၏ ထုတ်လုပ်မှုများကို အသုံးပြုရာတွင် ကလေးငယ်၏ ကျန်းမာရေးနှင့် သက်သောင့်သက်သာရှိမှု၊ မိခင်၏ လွယ်ကူသက်သာမှုနှင့် အဆင်ပြေမှုတို့ကို တန်ဖိုးထားပါသည်။ နေ့စဉ်အမြဲ အဆင်ပြေမှု၊ ပျော်ရွှင်မှုတို့ကို မိခင်နှင့် ကလေး များထံသို့ ဆောင်ကြဉ်ပေးနိုင်ခြင်းအားဖြင့် ကလေးငယ်များ ကျန်းမာစွာ ဖွံ့ဖြိုးကြီးထွား လာစေချင်ပါသည်။ Pigeon တွင် ထုတ်လုပ်သမျှသော ကုန်ပစ္ဇည်းတိုင်းသည် ထိုတန်ဖိုးထားမှုများကိုပုံဖော်ထားခြင်းသာ ဖြစ်သည်။


Pigeon ၏ ထုတ်ကုန်များ

ကျွန်ုပ်တို့သည် မိခင်များ၏ အမြင်ကို ထည့်သွင်းစဉ်းစားရန် အမြဲတမ်းကြိုးစားလျက်ရှိပြီး အရာခပ်သိမ်းကို ကလေးငယ် များ၏ ရှုထောင့်မှ ကြည့်မြင်နိုင်ရန် ကြိုးစားလျက်ရှိပါသည်။ တစ်ချိန်တည်းတွင် ကလေးငယ်၏ ကျန်းမာဖွံ့ဖြိုးလာမှုနှင့် မိခင်၏ ပြောင်းလဲလျက်ရှိသော လိုအပ်ချက်များကိုလည်း ထည့်သွင်းစဉ်းစားပါသည်။ ထိုသို့စဉ်းစားမှုဖြင့်သာ ကျွန်ုပ်တို့ ၏ ထုတ်ကုန်များအားလုံး အစပျိုးလာခဲ့ကြခြင်း ဖြစ်သည်။


PIGEON ကုန်စည်အမှတ်တံဆိပ်ပါ အရာအားလုံးကို PIGEON CORPORATION က မှတ်ပုံတင်ထားပြီး မူပိုင်ဖြစ်သည်။

Pigeon product knowledge description in Burmese Version is shown in below. Can also Download Here.